ကျွန်ုပ်တို့ရှင်သန်နေထိုင်ရာ ကမ္ဘာမြေကြီး၊ လူသားအရင်းအမြစ်နှင့် သဘာဝပတ်ဝန်းကျင် လူ့အဖွဲ့အစည်းကြီး ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုသည်မှာ ဉာဏ်အမျှော်အမြင်ရှိသူ လူသားအားလုံး၏ သမိုင်းပေးတာဝန်တွေပဲ ဖြစ်ပါသည်။
လူငယ်မျိုးဆက်သစ်ဆိုသည်မှာ အနာဂတ်၏ ခေါင်းဆောင်များဖြစ်ပါသည်။ နောင်လာမည့် အနာဂတ် နေ့စဉ်လူမှုဘဝထဲ မရှိမဖြစ် အောက်စီဂျင်လိုဖြစ်လာမည့် IT နည်းပညာသည် ကျွန်ုပ်တို့ လူငယ်မျိုးဆက်သစ် ခေါင်းဆောင်များအတွက် မတတ်မဖြစ် တတ်မြောက်ထားရမည့် အခြေခံအကျဆုံး ဘာသာရပ်တွေထဲက တစ်ခုဖြစ်ပါသည်။
IT နည်းပညာဆိုသည်မှာ ဖန်တီးနိုင်စွမ်းဆောင်ရည် အလျှင်မြန်ဆုံး၊ အထိရောက်ဆုံး၊ အမြင့်မားဆုံးသော ပညာရပ် တစ်ခုလည်း ဖြစ်ပါသည်။ ဤကဲ့သို့ အဆင့်မြင့် IT နည်းပညာဘာသာရပ်ကို ကျွန်ုပ်တို့ မြန်မာမျိုးဆက်သစ်လူငယ်များ နောက်ကျမကျန်ခဲ့စေပဲ နိုင်ငံတကာနှင့်ရင်ပေါင်တန်းပြီး မိမိနှင့် မိသားစု၊ တိုင်းပြည်အနာဂတ်တို့ကို ဖန်တီးပုံဖော်နိုင်စွမ်း ရှိအောင် ပြုစုပျိုးထောင်မည်ဆိုသည့် ခိုင်မာသည့် သန္ဓိဌာန်နှင့် ခံယူချက်တူသူ၊ ရည်မှန်းချက်တူသူများ ပါဝင်သည့် Knowledge Key Co., LTD. ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။
Knowledge Key Co., LTD. ၏ပထမခြေလှမ်းအနေဖြင့် ဂျပန်နိုင်ငံ၊ နာဂါဆာကီမြို့ရှိ METRO IT Business College မှ တည်ထောင်ထားသော METRO IT & Japanese Language Centre ရန်ကုန်ပင်မကျောင်းနှင့် ပူးပေါင်းကာ METRO IT & Japanese Language Centre by Knowledge Key (မန္တလေးကျောင်းခွဲ) ကို ၂၀၂၄ ခုနှစ် မြန်မာနှစ်ဦးပိုင်းတွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။
IT အဆင့်မြင့် ပညာရေးကို နိုင်ငံတကာသင်ကြားရေးနည်းစနစ်များအတိုင်း မြန်မာလူငယ်များအား မိမိနိုင်ငံအတွင်း သက်တောင့်သက်သာဖြင့် ပညာသင်ယူနိုင်မည့် အခွင့်အရေးရရှိစေနိုင်ရန်။
အဆင့်မြင့်နည်းပညာဘာသာရပ်ဆိုင်ရာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်။
အနာဂတ်နည်းပညာခေတ်မှာ မြန်မာလူငယ်တွေ နိုင်ငံတကာနှင့် ရင်ဘောင်တန်းပြီး ဖန်တီးနိုင်စွမ်းရည် မြင့်မားလာစေရန်။
မိမိနှင့် မိသားစုပတ်ဝန်းကျင်၊ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး ကောင်းကျိုးချမ်းသာများ ဖန်တီးနိုင်ပြီး၊ အနာဂတ်ခေါင်းဆောင်ကောင်းများဖြစ်ပေါ်လာစေရန်။
Knowledge Key Co.,Ltd. သည် ပထမခြေလှမ်းအနေဖြင့် ဂျပန်နိုင်ငံ၊ နာဂါဆာကီ မြို့ရှိ နည်းပညာကုမ္ပဏီ ကြီး တစ်ခုဖြစ်သည့် METRO PLUS ( Japan ) Co., Ltd မှ ၂၀၀၇ တွင်စတင်တည်ထောင်ဖွင့်လှစ်ထားသော Metro IT Business College ကျောင်းကြီးနှင့် ပူးပေါင်းချိတ်ဆက်ကာ ၄င်းတို့၏သင်ရိုးညွှန်းတမ်းအတိုင်း အထက်မြန်မာပြည် မန္တလေးမြို့ကြီးတွင် Metro IT and Japanese Language Centre by Knowledge Key Co,. Ltd ဟူသော အမည်ဖြင့် IT ကျောင်းကို တည်ထောင်ပြီး၊ အနာဂတ် IT နယ်ပယ်တွင် မြန်မာလူငယ်များအား နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်မည့် ပညာရှင်များအဖြစ် မွေးထုတ်ပေးမည်ဟု သန္ဓိဌာန်ပြုထားပါသည်။