Knowledge Key

Course

System Creator Course 2 Years

ကျယ်ပြန့်နက်ရှိုင်းသော IT နည်းပညာရပ်များ တတ်မြောက် ကျွမ်းကျင်သည့် IT Engineer အဖြစ်သို့

ITလုပ်ငန်းများကို နှစ်ပေါင်းများစွာ လုပ်ကိုင်လာပြီး အောင်မြင်မှုများရရှိနေသော Metro ကုမ္ပဏီမှ တည်ထောင်ထားသည် သင်တန်းကျောင်း ဖြစ်သည်အားလျှော်စွာ IT လုပ်ငန်းများတွင် အမှန်တကယ်လိုအပ်သော ပညာရပ်များကို ထိထိရောက်ရောက် သင်ကြားပေးနိုင်ပါသည်။ သို့ဖြစ်၍ IT ပညာရှင်အဖြစ်တတ်ကျွမ်းရမည် လက်တွေ့ ဘာသာရပ်များသာမက လုပ်ငန်းခွင်တွင် အမှန်တကယ် ကြုံတွေ့ရမည် ဗဟုသုတ များကိုပါ သင်ကြားပေးပါသည်။ Metro ကျောင်း၌ ဂျပန်နိုင်ငံ၏ National Exam ဖြစ်သည် ITPEC Exam အောင်မြင်နိုင်ရန်အတွက် အထူးလေ့ကျင့် သင်ကြားပေးပြီး ကမ္ဘာအရပ်ရပ်တွင် တက်ကြွစွာစွမ်းဆောင်ရပ်တည် နိုင်မည် IT ပညာရှင်များကို မွေးထုတ်ပေးလျှက်ရှိပါသည်။

Step 1

Learn (IT/ Business Mannar/ Japanese)

Step 2

Get (IT Diploma/ ITPEC (IT Engineer Certificate)/ JLPT Certificate)

Step 3

Join Company as IT Professional

Pickup Subjects

Java Basic

ပထမစာသင်နှစ်၏ တစ်နှစ်ပတ်လုံး Java နှင့် ပတ်သက်ပြီး လေ့လာရပါသည်။ Programming Language အားလုံး၏ အခြေခံသဘောတရားမှ အရေးကြီးသော Object Direction ထိ သင်ကြားပေးမှာဖြစ်ပါသည်။ Smart Phone များတွင် အသုံးပြုနေသည့် Application များသည်လည်း Java ကို အခြေခံပြီး ရေးသားထားခြင်း ဖြစ်ပါသည်။ Programmer တစ်ယောက် အနေဖြင့် ရပ်တည် အလုပ်လုပ်ကိုင်ရန်အတွက် လိုအပ်သော ITPEC စာမေးပွဲဖြေဆိုအောင်မြင်ရန် သင်ကြားပေးမှာဖြစ်တဲ့အတွက် ကြိုးစားပြီး သင်ယူရမှာဖြစ်ပါသည်။

OJT/Project

ဒုတိယစာသင်နှစ်၌ OJT နှင့် Project လက်တွေ့ လေ့ကျင့်မှ ဘာသာရပ် ၂ ခုကို လုပ်ဆောင်ရပါမည်။ OJT တွင် အမှန်တကယ် လုပ်ငန်းခွင်အတိုင်း လုပ်ဆောင်ရမည့် System များအား လက်တွေ့ လုပ်ဆောင်ရမည်ဖြစ်ပါသည်။ Project လုပ်ဆောင်ရာ၌ Android Application ၊ Game Application စသဖြင့် မိမိဖန်တီးလိုသည့် System များအား စဉ်းစား၍ ပြုလုပ်ရမည့်အဆင့်ဆင့်ကို Documentများဖြင့် ကိုယ်တိုင်ပုံဖေါပြီး လက်တွေ့လုပ်ဆောင်ရမည် ဖြစ်ပါသည်။ စာသင်နှစ် (၂) နှစ်တာသင်ကြားခဲ့သည့် ဘာသာရပ်များအား လက်တွေ့ပုံဖော်ရသည့် လေ့ကျင့်မှုလည်းဖြစ်ပါသည်။

Asia-Pacific IT Professional (AITP) Examination  (ITPEC Exam Preparation)

Information Technology Professional Examination Council (ITPEC) စာမေးပွဲသည် ဂျပန်နိုင်ငံ၏ National Exam တစ်ခုဖြစ်ပြီး အာရှ ၈ နိုင်ငံက အသိအမှတ်ပြုကျင်းပပြုလုပ်လျှက်ရှိသည့် International IT Exam တစ်ခုဖြစ်ပါသည်။ IT ကုမ္ပဏီများတွင် အလုပ်အကိုင်ရရှိရန်အတွက် အထောက်အကူပေးမည့် ကျယ်ပြန့်လှသော IT နည်းပညာရပ်များကို မေးမြန်းစစ်ဆေးသည့် စာမေးပွဲလည်းဖြစ်ပါသည်။ ထို့ကြောင့် Software, Hardware ဘာသာရပ်များအပြင် Management, Strategy ဘာသာရပ်များကိုပါ လေ့လာသင်ယူပြီး စာမေးပွဲဝင်ရောက် ဖြေဆိုနိုင်ရန်အတွက် သင်ကြားပို့ချပေးလျှက် ရှိပါသည်။

JLPT/ NAT-Test Exam Preparation

ဝါရင့် UFL ကျောင်းဆင်းဆရာ/မများမှ ဂျပန်ဘာသာဆိုင်ရာ JLPT/ NAT-Test အောင်လက်မှတ်များ ရရှိရန်အတွက် Grammer နှင့် Kanji သင်ခန်းစာများအပြင် လက်တွေ့ပြောဆို သုံးနှုန်းတက်စေရန်အတွက်လည်း Japanese Speaking သင်ခန်းစာများကိုလည်း မဖြစ်မနေ လေ့ကျင့်ရမည် ဖြစ်ပါသည်။ Grammer ပိုင်းနှင့် Speaking ပိုင်းပါ လိုက်လျောညီထွေဖြစ်သော စာသင်ချိန်ကို ပြင်ဆင်ထားပါသည်။

System Creator Course Subjects
  • Hardware/ Software/ Information Processing System/ Database/ Networking/ Security/ Algorithm/ System Strategy & Planning, Management Strategy/ Project & Service Management/ Java SE/ PHP
  • Japanese Language (N5 to N3~2) 
Targeted Qualifications
  • Asia-Pacific IT Professional (AITP) Examination Certificate
    1. Information Technology Passport Examination (IP) Level 1
    2. Fundamental Information Technology Engineers Examination (FE) Level 2
  • Japanese Language Proficiency Test Certificate
Join With Us

ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုတွင် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။ ကျွန်ုပ်တို့အားလုံးအတူတကွ တာဝန်သိအလေ့အကျင့်များမှတဆင့် လူမှုအသိုင်းအဝိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုများဖန်တီးရန် ဆန်းသစ်သောနည်းပညာများနှင့် လူ့အဖွဲ့အစည်းနှင့် ပတ်ဝန်းကျင်အကြား သဟဇာတဖြစ်အောင် ပူးပေါင်းဖော်ဆောင်သွားမည်။